အဖြူရောင် နှလုံးသားမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ

Monday, April 6, 2015

'' ဒသမတောင် ကျန်သေးတယ် .. သူဆက်လုပ်ပါစေ ''

စူးရှသော မိန်းမအသံတစ်ခု ပေါ်လာသည် .. နီရဲသော ဝတ်ရုံစကို မြှောက်ပြရင်း ထိုမိန်းမကအော်ဟစ်နေသည်

'' သူသိပ်ပင်ပန်းနေပြီ .. သိပ်ပင်ပန်းနေပီ ''

ချိုမျှသောကရုဏာသံကိုလည်းကြားလိုက်ရသည် .. အခြားမိန်းမတစ်ဦးရဲ့ အသံပင်ဖြစ်သည် .. ထိုအသံနှစ်ခုကို ကျွန်ုပ်ဆက်စပ်ပီး ရေရွတ်လိုက်သည်

'' ဟုတ်တယ် ငါသိပ်ပင်ပန်းနေပြီ .. ဒါပေမဲ့ ဒသမတောင်ကျန်သေးတယ် .. ငါဆက်လုပ်ရမယ် "

နဝမတောင်ထိပ်နှဲ့ ဒသမတောင်ထိပ်ကား အတောင်လေးဆယ်မျှကွာလှမ်းပေမည် .. တောင်ထိပ်နှစ်ခုကြားကချောက်ကမ်းပါးကလည်း ကျွန်ုပ်မခန့် မှန်းအောင်မတ်လွန်းပေသည် ... ကျွန်ုပ်ထင်းရှူးပင်ကို ခုတ်ပြီးအကိုင်းအခက်များကို ဖယ်ရှားနေတုန်း ဒသမတောင်မှ ကျယ်လောင်သော မြည်ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည် ထိုအသံနက်ကြီးကြောင့် ကျွန်ုပ်ရုတ်တရက် တုန်လှုပ်သွားမိသည်

 ဝင်လုဆဲနေရောင်ခြည်တွင် ခြင်္သေ့ရဲ့ လည်ဆံမွေးများသည် ကြက်မောက်ပန်းရုံကြီးလို ရဲရဲနီနေသည် .. ဟိုဘက်မှာ ရာဝဏ အားတိုက်ခိုက်ရန်စောင့်စားနေပေပြီ .. ကျန်ုပ်သည် ထိုခြင်္သေ့အားတိုက်ခိုက်ရန် သေနင်္ဂဗျူဟာကို ရှာဖွေနေမိသည် လုံးထွေးသတ်ပုတ်နေလျှင် နေဝင်သွားချိမ့်မည် သတ်မှတ်ထားသောအချိန်ကျော်လွန်းသွားမည် ကြီးမားလှသောခြင်္သေ့ကို ပူးကပ်တိုက်ခိုက်ခြင်းဖြစ်လည်း ကျွန်ုပ်အနိုင်မရနိုင် သို့သော် ဒြာဝိဒိယန်သွေးဖြစ်သော ကျွန်ုပ်ရာဝဏရဲ့ လက်ရုံးအားနှဲ့ အနိုင်ယူရန် သေနင်္ဂဗျူ ဟာကို ကျွန်ုပ်ရပီ

ထင်းရှူးပင်အား  ဝဲဘက်တစ်ဖက်တည်းဖြင့်ကိုင်လျှက် သန်လျက်ကိုယာဘက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားလိုက်သည် ... သန်လျက်ကို ရှေ့တည့်တည့်သို့ ဦးတည်ထားပြီး ခွန်အားကို စုစည်းကာ ထင်းရှူးပင်ကို ထောက်လှံအဖြစ်အသုံးပြုလိုက်သည် ..
တစ်ဖက်တောင်ထိပ်ဆီသို့  ထောက်ခုန်ပြီး လှမ်းကူးလိုက်ချိန်တွင် ခြေမချမီမှာပင် ခြင်္သေ့ဟထားသော ခံတွင်းထဲသို့  သန်လျက်ကို လေထဲခုန်းပျံရင်း ထိုးသွင်းလိုက်ပေသည် မိုးကြိုးပစ်သံတမျှကျယ်လောက်သော အသံနက်ကြီးဖြစ် စူးစူး ဝါးဝါး ဟိန်းဟောက်လျက် ခြင်္သေ့ကြီးတောင်အောက်သို့ လိမ့်ဆင်းသွားခဲ့ချေပြီ
ကျွန်ုပ်ရဲ့ လက်မောင်းတွင်လည်း ကုတ်ခြစ်ရာတစ်ခုမှမရခဲ့ နေလုံးလည်းကွယ်ပျောက်သွားခဲ့ပြီး တောင်ဆယ်လုံးတိုက်ပွဲလည်းအပြီးသတ်နိုင်ခဲ့ပေပြီ

" ရာဝဏ ... ရာဝဏ .... သူဟာ ဒသဂီရီ ဒသဂီရီ "
" ဒသဂီရီ အရှင်မြတ် ''
" ဒသဂီရီ ဘုရင်မင်းမြတ်ဟာ တို့ ရဲ့အရှင်သခင်ဖြစ်တယ် "
တောင်ဆယ်လုံးရဲ့ အရှင်သခင်ဖြစ်သော ဒသဂီရီဟူသည် ဒြာဝိဒိယန်မျိုးနွယ်စုရဲ့ အမြင့်မားဆုံးဘွဲ့  ကျွန်ုပ်လက်ဝယ်ပိုင်ပိုင်ရခဲ့ချေပြီ