ကွန်ပျူတာ ပေါ့ပါးစေဖို့..
ကွန်ပျူတာကို သုံးစွဲလာတာ အချိန်ကြာလာတာနဲ့ အမျှ သုံးရတာ တဖြည်းဖြည်း လေးလံလာတယ်လို လူတိုင်းသိရှိကြမှာပါ..ဒါဆိုရင် ကွန်ပျူတာကို သွက်လက်မြန်ဆန်လာအောင် ဘယ်လိုလုပ်မလဲ
ဆိုတာ အခုကျနော်ရေးသွားမှာပါ..
ဒီနည်းလမ်းတွေကို တော်တော်များများ သိကြမှာပါ..
ကျနော်ကတော့ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်..
အရင်ဆုံး ကျနော်တို့ သတိပြုရမှာက ကွန်ပျူတာကနေ
မလိုအပ်တဲ့ Program တွေကို Uninstall လုပ်တဲ့ အခါ..
ပုံမှန်ပဲAll Control Panel Items > Programs and Features ကနေပဲ
Uninstall လုပ်လေ့ရှိကြပါတယ်.. ဒီလို လုပ်တဲ့ အခါကျနော်တို့ အမြင်မှာတော့
မလိုအပ်တဲ့ Program ကို ဖြတ်ထုတ်နိုင်တယ်ပဲ ထင်မှာပါ..
ဒါပေမယ့် သူ့ရဲ့ Registry file ကတော့ စက်ထဲမှာ ရှိအုန်းမှာပါပဲ.. ဒါဟာလည်း စက်ကို လေးလံစေတဲ့ အကြောင်းရင်းထဲမှာ အချက်တခုအဖြစ်ပါဝင် ပါတယ်..
ဒီတော့ မလိုအပ်တဲ့ Program တွေကို Uninstall လုပ်တော့မယ်ဆိုရင် Uninstaller ကောင်းကောင်းနဲ့
ဖြုတ်ထုတ်ပါ..ကျနော် ကတော့ Revo Uninstaller Pro ကိုအကြိုက်ဆုံးပါ..
သူ့ကို ဒီမှာ ယူနိုင်ပါတယ်..
နောက်တချက် ကွန်ပျူတာကို CCleaner လို advanced systemcare
လိုမျိုးနဲ့ တပတ်တခါ သန့်ရှင်းရေးလုပ်ပါ..
CCleaner ကို ဒီမှာ ယူပါ..
Advanced systemcare ကို ဒီမှာ ယူပါ..
နောက်တဆင့်ကတော့ ဆော့ဝဲမပါပဲ..သန့်ရှင်းရေးလုပ်တဲ့ နည်းလမ်းတွေပါ..
အရင်ဆုံး ..Start menu > Run box ( Win + R )ကို နှိပ်ပါ..
(၁)
ကျလာမဲ့ Run box ထဲမှာ Temp ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ..ကျလာတဲ့ ဖိုင်တွေကို အကုန်ဖျက်ထုတ်ပါ.. မပျက်ပဲ တခု နှစ်ခု ကျန်နေတတ်ပါတယ် ထားလိုက်ပါ..
(၂)
Run box ထဲမှာ %temp% ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ..ကျလာတဲ့ ဖိုင်တွေကို အကုန်ဖျက်ထုတ်ပါ.. မပျက်ပဲ တခု နှစ်ခု ကျန်နေတတ်ပါတယ် ထားလိုက်ပါ..
(၃)
Run box ထဲမှာ prefetch ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ..ကျလာတဲ့ ဖိုင်တွေကို အကုန်ဖျက်ထုတ်ပါ...
(၄)
Run box ထဲမှာ msconfig ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ..
ကျလာတဲ့ windows ထဲက boot ကိုနှိပ်ပြီး Timeout မှာ 3 seconds ထားပြီး apply > ok..
(၅)
Run box ထဲမှာ msconfig ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ..
ကျလာတဲ့ windows ထဲက startup ကိုနှိပ်ပြီး ကွန်ပျူတာ ဖွင့် ဖွင့်ချင်း ကိုယ်အသုံးမလိုတာတွေကို
Disabled လုပ်ပြီး ပြန်ထွက်လိုက်ပါ..
(၆)
Computer ကို right click ပေးပြီး manager ကိုဝင်ပါ Event Viewer ကနေ Windows Logs ကို click ပါ
ကျလာတဲ့ Application / Security / Setup / System / Forwarded Events ကျလာရင် ..
တခုချင်းကို right click ပြီး clear log ကိုရွေးပြီး အကုန်ဖျက်ထုတ်လိုက်ပါ..
(၇)
Computer ကိုဖွင့်ပါ။ မိမိစက်ရဲ့ ဝင်းဒိုးတင်ထားတဲ့ drive ကို right click လုပ်ပြီး properties ကိုသွားပါ။ General Tab အောက်မှာ Disk Clean Up ဆိုတာကို နှိပ်ပါ။ ခဏစောင့်လိုက်ပြီး ပေါ်လာတဲ့ box မှာ More Option ကိုသွားပါ။System Restore အောက်က Clean Up ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးပြန်ထွက်လိုက်ပါ။
ကွန်ပြူတာကို Restart လုပ်လိုက်ပါ။ အရင်ကထက် ပိုမြန်လာတာကိုတွေ့ရမှာပါ။
No comments:
Post a Comment