အဖြူရောင် နှလုံးသားမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ

Wednesday, November 12, 2014

facebook apk

မင်္ဂလာပါ။ Android ဖုန်းနဲ့ facebook သုံးစွဲသူတွေအနေနဲ့ facebook version တွေမြင့်လာတာနဲ့အမျှ facebook ပေါ်က video တွေဒေါင်းယူဖို့ အခက်ခဲဖြစ်ကြပါတယ်။ မိမိဟာ facebook version 19.0.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုထားသူဆိုရင် facebook က မိမိအချိန်မရ၍ မကြည့်နိုင်သေးတဲ့ မိမိနှစ်သက်ရာ post တခုကို save လုပ်ကာသိမ်းထားနိုင်တဲ့ function လုပ်ဆောင်ချက်လေး ပေးထားပါတယ်။ ထိုလုပ်ဆောင်ချက်လေးကို အသုံးပြုပြီး facebook ပေါ်က video တွေကိုဒေါင်းယူကြရမှာဖြစ်ပါတယ်။ မိမိဒေါင်းယူချင်တဲ့ video ကို save ဖို့ post ရဲ့ ညာထိပ်ကမျှားအောက်စိုက်လေးနှိပ်ကာ save it လုပ်ရမှာပါ။ ပြီးရင် မိမိ profile မှ saved လုပ်ကာသိမ်းထားတဲ့ data တွေနေရာကိုဝင်ပါ။ ခုန မိမိ saved လုပ်ထားတဲ့ video post လေးကိုနှိပ်လျှင် ဟိုးယခင်ကလို မိမိဖုန်းမှာရှိနေတဲ့ downloader apk လေးတွေနဲ့ player လေးတွေ ပေါ်လာမယ်။ ပြုလုပ်ပုံကိုလည်း အောက်မှာပုံလေးထည့်ပေးထားပါတယ်။ မိမိအသုံးပြုချင်တာရွေးပြီး ဒေါင်းနိုင်ပါပြီ။ Downloader ကောင်းကောင်းလေးတွေပါ တခါတည်းပေးထားပါတယ်။ မရှိသေးသူများနှင့် နောက်ဆုံး update လေးတွေသုံးချင်သူတွေအနေနဲ့ နှစ်သက်ရာ downloader လေးဒေါင်းယူလိုက်ပေါ့နော်။ အားလုံး အဆင်ပြေ နှစ်သက် ပျော်ရွှင်ကြပါစေ....

Tubemate ➳ 
Tubemate လေးကိုအားလုံးသိကြပါတယ်။ ဒီဆော့ဝဲလေးကိုရွေးချယ်ကာ ဒေါင်းယူနိုင်ပါတယ်။ ထို့နောက် youtube က video တွေကိုအလွယ်နဲ့ 3G အမြန်နှုန်းနဲ့ဒေါင်းယူနိုင်တဲ့ ဆော့ဝဲလေးပါ။ ယခု version 2.4.4 လေးထဲမှာပဲ facebook ကို bookmark အနေနဲ့ထည့်ပေးထားပြီး ထိုမှ မိမိ facebook acc နဲ့ log in ၀င်ကာအသုံးပြုပြီးလည်း ဒေါင်းယူနိုင်ပါတယ်။ ဆော့ဝဲ size 3.4 mb ရှိပါတယ်။
Download ✔ 
http://pc.cd/EGg

VideoDownloader ➳ 
ဒီဆော့ဝဲလေးကလည်း Video ဒေါင်းယူရာမှာ ကောင်းမွန်တဲ့ ဆော့ဝဲလေးတခုပါပဲ။ ဆော့ဝဲ size 160 kb ရှိပါတယ်။
Download ✔ 
http://pc.cd/Lig

IDM downloader ➳ 
IDM လေးကိုလည်း အများသိကြပါတယ်။ အင်တာနက်မှ မိမိဒေါင်းယူချင်တာတွေကို အမြန်နှုန်းကောင်းကောင်းနဲ့ ဒေါင်းယူနိုင်ပါတယ်။ ဆော့ဝဲ size 1 mb ရှိပါတယ်။
Download ✔ 
http://pc.cd/Vig

ADM downloader ➳ 
ADM လေးကိုလည်း သိကြမှာပါနော်။ တယောက်နဲ့တယောက် အကြိုက်တမျိုးစီနဲ့မို့ အားလုံးအကောင်းချည်းပါပဲဗျာ။ ဆော့ဝဲ size 1.9 mb ရှိပါတယ်။
Download ✔ 
http://www.mediafire.com/view/vkjywkdv9fa0h5g

အသုံးဝင်သော ဖုန်းဆော့ဝဲများ မျှဝေမည် ... မှကူးယူဖော်ပြပါသည်

No comments:

Post a Comment