အဖြူရောင် နှလုံးသားမှ ကြိုဆိုပါ၏။ လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ

Wednesday, November 12, 2014

Sony Xperia Z 4.4.2 ကို Root ဖောက် Cwm သွင်းပြီး မြန်မာစာထည့်မယ် ( Unlock Bootloader လုပ်စရာမလိုပါ )





Sony Xperia Z ( C6603 ) 4.4.2 အတွက် Root ဖောက် ၊ Cwm သွင်းပြီး မြန်မာစာထည့်သွင်းနည်းပေးပါ။
4.4.2 rom အသစ်လေးချိန်းပြီးသားဖြစ်သွားပါမယ် :) ပုံနှင့်တကွ သေချာရှင်းပြပေးထားပါတယ်။
Unlock Bootloader လုပ်စရာမလိုပါဘူး၊ အောက်တွင် အဆင့်တိုင်းလေး လွယ်ကူစွာ လုပ်ဆောင်သွားယုံပါပဲ။
အားလုံးပြီး ဆုံးသွားရင် Rom Update 4.4.2 လေးကို CWM&ROOT&MM FONT လေးနဲ့  လန်းနိုင်ပါပြီ :D 




( လိုအပ်သည့်ဖိုင်များ အားလုံးကို အောက်တွင်ဒေါင်းယူပါ )


1/ Flashtool: ( ဒီမှာ ဒေါင်းယူပါ ) 

2/ Xperia Z Stock 4.2.2 (10.3.1.A.2.67) ( ဒီမှာ ဒေါင်းယူပါ ) 

3/ Xperia Z root: ( ဒီမှာ ဒေါင်းယူပါ ) 

4/ Xperia Z recovery: ( ဒီမှာ ဒေါင်းယူပါ ) 

5/ Xperia Z 4.4.2 prerooted rom: ( ဒီမှာ ဒေါင်းယူပါ ) 

6/ SuperSUfix: ( ဒီမှာ ဒေါင်းယူပါ ) 

7/ Xperia Z Stock 4.4.2 (10.5.A.0.230) kernel: ( ဒီမှာ ဒေါင်းယူပါ ) 





အရင်ဆုံး မိမိရဲ့ဖုန်းထဲမှ ဖုန်းနံပါတ် ဓါတ်ပုံ သီချင်းများ စသည်တို့ ကို sd card သို့  တစ်နေရာရာသို့  ပြောင်းရွေပေးထားပါ။


၁။ အရင်ဆုံး Flashtool ကို မိမိရဲ့ကွန်ပြူ တာမှာ run ပေးလိုက်ပါ။ ပြီးလျင် Local Dick C ထဲမှာ Flashtool ဖိုင်ထဲမှ driversဖိုင်ထဲကိုဝင်ပြီး Flashtool-drivers ကို Install ပေးလိုက်ပါ။ အမှတ်အားလုံးခြစ်ပေးပါ။


၂။ Xperia Z Stock 4.2.2 (10.3.1.A.2.67) .ftf ကို Local Dick C ထဲမှာ Flashtool ဖိုင်ထဲမှ Firmware ဖိုင်
ထဲကို copy ကူးပြီး ထည့်ပေးလိုက်ပါ။ 739MB ရှိပါတယ်။



၃။ မိမိရဲ့ဖုန်းကို setting / Security / Unknown sources / ဖွင့်ပေးလိုက်ပါ။
About device / bulid number ကို 5ချက်လောက်ဆက်တိုက်နိုပ်ပြီး ပြန်ထွက်လိုက်ပါ။
About device ရဲ့အပေါ်စာကြောင်းမှာ Developer options ဖွင့်ပြီး USB Debugging ဖွင့်ပေးလိုက်ပါ။
ပြီးလျင်ဖုန်းကို ပါဝါပိတ်လိုက်ပါ။ 

၎။ Local Dick C ထဲမှာ Flashtool ဖိုင်ထဲမှ Flashtool ကို ဖွင့်လိုက်ပါ။


၅။ မိုးကြိုးသွားပုံလေးကိုနိုပ်လိုက်ပါ။ ခဏစောင့်ပေးပါ။


၆။ Flashmode ကိုရွေးပြီး ok နိုပ်လိုက်ပါ။


၇။ C6603 10.3.1.A2.67 CE3 romကို ကလစ်တစ်ချက်ထောက် ရွေးပြီး Flash ကိုနိုပ်လိုက်ပါ။


၈။ ဖုန်းကို ကွန်ပြူ တာနဲ့ ချိတ်ခိုင်းတဲ့ပုံလေးပေါ်လာထိစောင့်ပေးပါ။ 
အချိန် အနည်းငယ်ကြာမြင့်ပါမယ်။


၉။ ဖုန်းပါဝါပိတ်ထားပါ။ ကွန်ပြူ တာကို Usb ကြိုးထိုးလိုက်ပါ။ အသံတိုးကီး vol - ကိုဖီထားပြီး ဖုန်းကို Usbကြိုးထိုးပါ။ကွန်ပြူ တာမှာ flash tool ထဲမှာ အစိမ်းတန်းလေးပြေးမှ ဖီထားသောကီးလွတ်ပေးပြီး
 စောင့်နေလိုက်ပါ။

( တစ်ကြိမ်နှင့် အဆင်မပြေနိုင်ပါ။ ဖုန်းပါဝါ ပြန်ပိတ်ပြီး စမ်းပါ အဆင်ပြေသွားပါမယ် )


၁၀။ အစိမ်းတန်းလေးပြည့်သွားရင် ဖုန်းပါဝါပြန်တက်လာပါမယ်။
ဖုန်းကို setting / Security / Unknown sources / ဖွင့်ပေးလိုက်ပါ။
About device / bulid number ကို 5ချက်လောက်ဆက်တိုက်နိုပ်ပြီး ပြန်ထွက်လိုက်ပါ။
About device ရဲ့အပေါ်စာကြောင်းမှာ Developer options ဖွင့်ပြီး USB Debugging ဖွင့်ပေးလိုက်ပါ။

မိမိရဲ့ ဖုန်းက ဗားရှင်း 4.2.2 ဖြစ်သွားပါပြီး :)


၁၁။ ကွန်ပြူ တာမှာ Flashtool ကို ပိတ်လိုက်ပါ။ Xperia Z root: ဖိုင်ကို zip ဖြည်လိုက်ပါ။
ဖိုင်ထဲမှ Runme.bat ဖိုင်ကို ဖွင့်လိုက်ပါ။ Make achoice မှာ 0 ဇီးရိုးရိုက်လိုက်ပါ။
ဖုန်းကို ပါဝါဖွင့်လျက် usb ကြိုးချိတ်လိုက်ပါ။ 

ခဏစောင့်ပေးပါ။ ဖုန်း reboot ကျပြီးသွားပါမယ်။ ပါဝါပြန်တက်လာရင် မိမိဖုန်း 4.2.2 မှာ
Root ရသွားပါပြီ။


၁၂။ ဖုန်းကို Usb ကြိုးဖြုတ်လိုက်ပါ။ ပြီးလျင် Xperia Z recovery: ဖိုင်ကို zip ဖြည်လိုက်ပါ။
ဖိုင်ထဲက Install.bat ကို run လိုက်ပါ။ 1 ကိုရိုက်ပေးပါ။ 
ဖုန်းကိုပါဝါဖွင့်လျက် Usbကြိုးချိတ်လိုက်ပါ။ 

Step 3 setup dual recovery
Look a your device and garnt supersu access
pass any key to continue AFTER garnting root access. စာတန်းပေါ်ရင်
Usb ကြိုးဖြုတ်လိုက်ပါ။ 

Device will now reboot!!! စာတန်းပေါ်လာရင် Usbကြိုးပြန်ထိုးလိုက်ပါ။

ဖုန်းမှာ root access တောင်းရင် Grant နိုပ်ပေးလိုက်ပါ။
ဖုန်း Reboot ကျသွားပြီး CWM ထဲရောက်သွားပါမယ်။ 
Reboot system now နဲ့ ပြန်ထွက်လိုက်ပါ။

အခုအဆင့်ကို သေချာလုပ်ပေးပါ အဆင်ပြေပါတယ် :)



၁၃။ C6603_230_NCB 4.4.2 STRIPPED.ftf Kernel ဖိုင်ကို Local Dick C ထဲမှာ  
Flashtool ဖိုင်ထဲမှ Firmware ဖိုင် ထဲကို copy ကူးပြီး ထည့်ပေးလိုက်ပါ။ 17MB ရှိပါတယ်။


၁၄။ Xperia Z 4.4.2 prerooted rom zip နဲ့  SuperSUfix: zip ဖိုင်နှစ်ခုကို 
ဖုန်း Usb ကြိုးချိတ်ပြီး internal storage ထဲထည့်ပေးပါ။ ပြီး Usb ကြိုးဖြုတ်လိုက်ပါ။


၁၅။ ဖုန်းကိုပါဝါပိတ်ပြီး Cwm ထဲဝင်လိုက်ပါ။ပါဝါကီးနိုပ်လိုက်ပါ။ 
ပါဝါပြန်တက်လာရင် မီးလေး စိမ်းရောင်လင်းလာရင် အသံချဲ့ကီး vol + နိုပ်ထားပါ။
မီးက ပန်းခရမ်းရောင်သန်းသွားရင် ဖီထားသောကီးကိုလွတ်ပေးလိုက်ပါ။ ခဏစောင့်ပါ။

1/ wipe data / factory reset လုပ်ပါ။
2/ wipe cache partition လုပ်ပါ။
3/ Advanced ထဲမှာ wipe Dalvik cache လုပ်ပေးပါ။
4/ Mounts and storage ထဲမှာ Format system နဲ့  Format data နဲ့  Format cache လုပ်ပေးပါ။
ဒီကောင်လေးဖျက်ပြီးဆို go back ပြန်ထွက်လိုက်ပါ။

Install zip ထဲဝင်ပါ။ Choose zip from / sdcard ထဲမှာ Xperia Z 4.4.2 prerooted rom zip ကို install ပေးပါ။ ခဏစောင့်ပေးပါ။ ပြီးသွားရင် go back နောက်ဆုတ်ပြီး 

power options ထဲဝင်ပါ။ Power off ရွေးလိုက်ပါ။ 

( reboot မလုပ်မိပါစေနဲ့  ) :)


၁၆။ Flashtool ဖွင့်လိုက်ပါ။ Flash mode ရွေးလိုက်ပါ။
C6603_230_NCB 4.4.2 STRIPPED ကိုရွေး ကလစ်ပြီး Flash နိုပ်ပေးလိုက်ပါ။


၁၇။ ကြိုးထိုးဖို့  ပုံတက်လာရင် ကွန်ပြူ တာကို Usbကြိုး ချိတ်ပြီး ဖုန်းကို အသံတိုးကီး vol - နိုပ်ထားပြီး Usb ကြိုးချိတ်ပါ။ အစိမ်းတန်းလေးပြေးတော့မှ ဖီထားသောကီး လွတ်လိုက်ပါ။


၁၈။ Flashtool မှာအစိမ်းတန်းလေးပြည့်ပြီး Device connected in flash mode စာတန်းပေါ်လာရင်
ဖုန်းမှာ Usbကြိုးဖြုတ်လိုက်ပါ။ ဖုန်းကို ပါဝါပြန် ဖွင့်ပေးပါ။ ခဏစောင့်ပေးပါ။


၁၉။ Flashtool ကိုပိတ်လိုက်ပါ။ ဖုန်းကို Usbကြိုးပြန်ချိတ်ပြီး SuperSUfix: zip ဖိုင်လေးကို
Internal storage ထဲကိုထည့်ပေးလိုက်ပါ။ပြီးလျင် ဖုန်းကိုပါဝါပိတ်လိုက်ပါ။

Cwm ဝင်ပါမယ်။ ပါဝါကီးနိုပ်ပြီး ပါဝါဖွင့်လိုက်ပါ။ မီးစိမ်းသွားရင် အသံချဲ့ကီး vol + ကိုနိုပ်ထားပါ။
မီးအရောင် ပန်းခရမ်းရောင်သန်းသွားလျင် ဖီထားသောကီးကို လွတ်လိုက်ပါ။
Cwm ရောက်သွားလျင် Install zip ထဲဝင်ပါ။ Choose zip from / sdcard ထဲမှာ SuperSUfix.zip ကို install ပေးပါ။ ခဏစောင့်ပေးပါ။ ပြီးသွားရင် go back နောက်ဆုတ်ပြီး reboot system now နှင့်
ထွက်လိုက်ပါ။ ပါဝါပြန်တက်လာရင်ကြည့်လိုက်ပါ မိမိဖုန်း root ရသွားပါပြီ :)


Root Checker နဲ့ ချက်ကြည့်လိုက်ပါ :D


မြန်မာစာအတွက် ကတော့ Aio font changer သုံးလိုက်ပါ။
4.4.2 အတွက်ရွေးလိုက်ပါ။ အခုလိုအဆင်ပြေသွားပါမယ် :)

Aio font changer ( Link1 or Link2 )






sony ဖုန်းအတွက် ပထမဆုံးပိုစ့်လေးဖြစ်မယ်ထင်ပါတယ်။ လိုအပ်ချက်များရှိလျင် တောင်းပန်ပါတယ် :)
အားလုံးအဆင်ပြေကြပါစေဗျာ ...



မူရင်းဆိုက် - http://forum.xda-developers.com/xperia-z/development/rom-ultimate-purexz-v1-t2759467

2 comments:

  1. Xperia M5 E5663 လေးကို..root..ချင်လို့...ကယ်ပါအုံး......ဆရာတို့ရယ်...(ဒီကောင်လေးက..Securiy..တော်တော်နိုင်ပါတယ်...စုံနေပြီ စမ်းထားတာ..အရဘူး..ဆာ...)

    ReplyDelete
  2. Xperia M5 E5663 လေးကို..root..ချင်လို့...ကယ်ပါအုံး......ဆရာတို့ရယ်...(ဒီကောင်လေးက..Securiy..တော်တော်နိုင်ပါတယ်...စုံနေပြီ စမ်းထားတာ..အရဘူး..ဆာ...)
    http://cwm-twrp-android.net/download/sony-xperia-m5-dual/
    ဒီဆိုက်ထဲမှာကျတော့ မဒေါင်းတတ်ဖူးဖြစ်နေတယ် ဒီထဲကဒေါင်းပြီး..ပို့မြန်မာလိုတင်ပေးပါလား...ဆရာ..

    ReplyDelete